XPEL Myanmar ဖြစ်ပေါ်လာပုံ

အမေရိကန်နိုင်ငံထုတ် XPEL Automotive Protection ပစ္စည်းများကို United Super Stars Company မှ မြန်မာနိုင်ငံသို့ တရား၀င်ဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ 

United Super Stars Company ကို  ဂုဏ်သတင်းကြီးမားသော လုပ်ငန်းနှစ်ရပ် ဖြစ်သော Super Seven Stars Co., Ltd နှင့် US Auto Wholesale & Retail Business တို့မှ ၂၀၁၉ ခုနှစ်တွင် မဟာဗျူဟာမြောက်ပူးပေါင်း၍ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။



အဓိကစီးပွားရေးရည်ရွယ်ချက် 

ကျွန်ုပ်တို့၏ အဓိကစီးပွားရေးရည်ရွယ်ချက်မှာ အမေရိကန်နိုင်ငံထုတ် Authentic XPEL Automotive Protection ပစ္စည်းများကို  မြန်မာနိုင်ငံတွင် သင့်တင့်မှန်ကန်သော‌ဈေးနှုန်းဖြင့် အောင်မြင်စွာ တင်သွင်း၊ဖြန့်ဖြူး၊ရောင်းချရန်ဖြစ်ပါသည်။ 

ကျွန်ုပ်တို့သည် Premium Automotive Protection ပစ္စည်းများ ဖြင့် ကျွန်ုပ်တို့၏ ဂုဏ်သတင်းကြီးမားသော ဖောက်သည်များ၏ အလုံးစုံ စိတ်ကျေနပ်မှုရရှိခြင်းနှင့် အကောင်းဆုံးအတွေ့အကြုံရရှိခြင်းကို အဓိကအာရုံစိုက်၍ လုပ်ဆောင်သည်။

ရေရှည်တည်မြဲသော စီးပွားရေးဖွံ့ဖြိုးတက်မှုကို ဦးတည်၍ ဖောက်သည်များ၏အကောင်းဆုံးစိတ်ကျေနပ်မှုရရှိခြင်းကို ပေးစွမ်းနိုင်သည့် အအောင်မြင်ဆုံး Premium Automotive Protection Product Distributor အနေဖြင့် ရပ်တည်နိုင်ရန်

ကျွန်ုပ်တို့၏ အဓိကတန်ဖိုးများ

စိတ်အားထက်သန်ပြင်းပြမှု

ကျွန်ုပ်တို့သည် စိတ်အားထက်သန်ပြင်းပြမှုနှင့် အလုပ်လုပ်ကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်အားထက်သန်ပြင်းပြမှုနှင့် ဖောက်သည်များကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်မည့်အပြင် ကျွန်ုပ်တို့၏ ကုမ္မဏီကိုလည်းပိုမို အောင်မြင်စွာ တိုးချဲ့နိုင်မည် ယုံကြည်ကြသည်။

ရိုးသားဖြောင့်မတ်ခြင်း

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖောက်သည်များ၊ Dealer များနှင့် ကုမ္မဏီအတွက် အကောင်းဆုံးသောအရာများကိုသာ ရိုးသားပွင့်လင်းသစ္စာရှိစွာ လုပ်ဆောင်ကြသည်။ We always strive to do the right thing, act truthfully and honorably

ဖောက်သည်များအတွက်ဝန်ဆောင်မှု

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖောက်သည်များကို နားလည်သဘောပေါက်ရန်နှင့် သူတို့အား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားကြသည်။ ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကျွန်ုပ်တို့၏ဖောက်သည်များအား မည်ကဲ့သို့ ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်မည်လဲ ဆိုသည့်အပေါ်တွင်မူတည်၍ ဆုံးဖြတ်ချက်များချမှတ်ကြသည်။

အကောင်းဆုံးဖြစ်ခြင်း

ကျွန်ုပ်တို့၏အဓိကတန်ဖိုးများထဲတွင် အကောင်းဆုံးဖြစ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ကျွန်ုပ်တို့သည် အကောင်းဆုံးဖြစ်ရန် အချိန်တိုင်း ကြိုးစားအားထုတ်နေပါသည်။

အသင်းအဖွဲ့အလိုက်ပူးပေါင်းဆောင်ရွက်မှု

ကျွန်ုပ်တို့သည် အသင်းအဖွဲ့အလိုက်ပူးပေါင်းဆောင်ရွက်မှု၊ ဌာနများအချင်းချင်း ကြားတွင် ပူးပေါင်းဆောင်ရွက်မှု နှင့် ဖောက်သည်များနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အားပေးပါသည်။ ကျွန်ုပ်တို့သည် ကောင်းမွန်သည့်အရာများကို အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသည်။

တာဝန်ယူဆောင်ရွက်မှု

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လုပ်ဆောင်မည်ဟု ပြောဆိုသည့်အတိုင်းလုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လုပ်ဆောင်သည့်အလုပ်၏အရည်အသွေးကို အမြဲတမ်းအပြည့်အဝတာဝန်ယူသည်။

ကျွန်ုပ်တို့၏ ထုတ်လုပ်သူအကြောင်း

ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းတစ်ခုမျှသာ မဟုတ်ပါ၊ ကားနှင့်ပက်သက်၍ အလွန်စိတ်အားထက်သန်သူများ ဖြစ်ကြသည်။

မူလထုတ်လုပ်သည့်နိုင်ငံနှင့် အမှတ်တံဆိပ် စတင်ပေါ်ပေါက်လာပုံ

XPEL ကုမ္မဏီကို ၁၉၉၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စတင်တည်ထောင်ခဲ့သည်။ XPEL သည် Automotive Protection Product Industry တွင် ယုံကြည်စိတ်အချရဆုံး အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည့်အပြင် ကမ္ဘာတစ်ဝှမ်းတွင် ဈေးကွက်ခေါင်းဆောင် အနေဖြင့်လည်း ရပ်တည်နေပါသည်။ 

စမ်းသပ်ခြင်း

Cutting edge နည်းပညာ၊ တီထွင်ဆန်းသစ်မှု နှင့် အရည်အသွေးအကောင်းဆုံး ကုန်ကြမ်း ပစ္စည်းများကို အသုံးပြု၍ထုတ်လုပ်ထားပါသည်။ ကမ္ဘာ နှင့်တစ်၀ှမ်း နိုင်ငံပေါင်း ၅၅ နိုင်ငံ ကျော် တွင် အသုံးပြုလျှက်ရှိပါသည်။

XPEL ကုမ္မဏီ ၏ ဆောင်ပုဒ်မှာ “ကျွန်ုပ်တို့သည် စီးပွားရေးလုပ်ငန်းတစ်ခုမျှသာ မဟုတ်ပါ၊ ကားနှင့်ပက်သက်၍ အလွန်စိတ်အားထက်သန်သူများ ဖြစ်ကြသည်။”

ရရှိနိုင်သော ပစ္စည်းအမျိုးအစားများမှာ (1) XPEL PRIME အမှတ်တံဆိပ် ကားမှန်စတေကာ, (2) XPEL ULTIMATE PLUS အမှတ်တံဆိပ် PPF (ကားမူလဆေးသားထိခိုက်မှုမရှိရန် ကာကွယ်ပေးသောအလွာ), (3) XPEL FUSION PLUS အမှတ်တံဆိပ် Ceramic Coating (ကားမူလဆေးသားထိခိုက်မှုမရှိရန် ကာကွယ်ပေးသောအရည်) တို့ဖြစ်သည်။


Team Penske ၏ တရား၀င် Paint Protective Film Partner

XPEL သည် ပြိုင်ကားအားကစား သမိုင်းတစ်လျှောက်တွင် အအောင်မြင်ဆုံး ဖြစ်သောTeam Penske နှင့်  ဒီဇင်ဘာ ၁၂ ရက်နေ့ ၊၂၀၁၉ ခုနှစ်မှ စတင်၍ တရား၀င် လက်တွဲခဲ့ပါသည်။ IndyCar Championship ပြိုင်ပွဲတွင်  ချန်ပီယံဆုကို (၂) ကြိမ် ဆွတ်ခူးရရှိခဲ့ပြီး အခြားပြိုင်ကားပြိုင်ပွဲ (၁၄) ပွဲ လုံးတွင်လည်း အနိုင်ရရှိထားသော ပြိုင်ကား အားကစားသမား Josef Newgarden ကို စတင်၍ main sponsor ပေးခဲ့ပါသည်။ 

Josef နှင့် Team Penske သည် ယခုနှစ်ပြိုင်ပွဲရာသီအတွက် ပြိုင်ဘက်မရှိသော အာရုံစူးစိုက်မှု၊ ပြိုင်ဆင်မှု နှင့် ကာကွယ်မှုတို့ ကိုပြုလုပ်ထားပါသည်။

Josef ၏ ပြိုင်ပွဲ၀င် ပြိုင်ကားကို XPEL မှ XPEL Ultimate Paint Protective Film ဖြင့် ဂုဏ်ယူစွာဖြင့်  ကာကွယ်ပေးထားပါသည်။


အရေပြားကင်ဆာ ဖောင်ဒေးရှင်း ၏ ဂုဏ်ယူဖွယ်ရာ အဖွဲ့ဝင်

XPEL Brand သည် Skin Cancer Foundation ၏ ဂုဏ်ယူဖွယ်ရာ အဖွဲ့ဝင် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံထုတ် XPEL PRIME Automotive window films များသည် Skin Cancer Foundation မှ ထောက်ခံအသိအမှတ်ပြုထားသည့် ပစ္စည်းများဖြစ်ပါသည်။

Skin Cancer သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် အဖြစ်အများဆုံး Cancer ဖြစ်သည်။ အမေရိကားတွင် တစ်နာရီလျှင် လူနှစ်ယောက်နှင့်အထက် Skin Cancer ရောဂါဖြင့် သေဆုံးနေကြသည်။

အမေရိကန်နိုင်ငံထုတ် XPEL PRIME XR Automotive Window Film စီးရီး သည် Skin Cancer ကို ဖြစ်ပွားစေနိုင်သော UVA နှင့် UVB Ray များကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး စိတ်ချရပါသည်။