XPEL PRIME HP

အမေရိကန်နိုင်ငံထုတ် XPEL PRIME HP Automotive Window Film စီးရီး သည် ရွေးချယ်စရာ အမျိုးအစား (၃) မျိုးတွင် တတိယ စွမ်းဆောင်ရည်အမြင့်မားဆုံးဖြစ်သည်။ “လူကြီးမင်း၏ချစ်ခင်ရသော မိသားစု၀င်များ၏ကျန်းမာရေးနှင့်တန်ဖိုးကြီးကားများအတွက် အမြင့်မားဆုံး ကာကွယ်မှုကိုပေးစွမ်းနိုင်သည့် XPEL PRIME HP စီးရီးကို ပြိုင်ဘက်ကင်းရွေးချယ်လိုက်ပါ”

ကားမှန်စတေကာ ကွာခြင်း၊ ကွဲအက်ခြင်း၊ ပူစီဖောင်းထခြင်း၊ အရောင်ပြောင်းလဲသွားခြင်း နှင့် laminate အလွှာကွာခြင်းတို့အတွက် 5 နှစ် အထိ Official Warranty ရရှိနိုင်ပါသည်။ ကြိုက်နှစ်သက်ရာ ကားမှန်တစ်ချပ်ခြင်းစီလည်း ရွေးချယ်ကပ်နိုင်ပါသည်။ လိုက်ဖက်မှုရှိသောကား အမျိုးအစားများမှာ Suzuki, Toyota, Nissan, Mazda, Mitsubishi တို့ဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ် ရှိသော XPEL Certified Installer များမှ အဆင့်ဆင့် သန့်ရှင်းရေးပြုလုပ်၍ လက်ရာသေသပ်လှပစွာ တပ်ဆင်ပေးပါသည်။

အဓိကအားသာချက်များ

UV Protection

  • Skin Cancer Foundation မှ အရေပြားကင်ဆာဖြစ်စေနိုင်သော UV Ray များကို 99% ကာကွယ်ပေးနိုင်သည်ဟု တရား၀င်ထောက်ခံချက်ပေးထားခြင်း 
  • SPF 1,000 အထိ ကာကွယ်ပေးသဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု နှင့် အ‌‌ရေပြားပျက်စီးမှုများ အား တားဆီးပေးနိုင်ခြင်း

IR Rejection

  • Hybrid Dyed-Metal Technology ဖြင့် ပြုလုပ်ထားသဖြင့် Infrared Rays များကို 46% အထိကာကွယ်ပေးနိုင်ပြီး  ကားအတွင်းခန်းကို အေးမြစေခြင်း


Highest Clarity

  • စူးရှသော အလင်းများကို တားဆီးပေးသဖြင့် သက်တောင့်သက်တာရှိစေခြင်း
  • ညအချိန်တွင်လည်း မြင်ကွင်း ကြည်လင်ပြတ်သားမှုရှိပြီး ရှေ့ကားမီးထိုးခြင်းမှ အလင်းရောင်ကို လျော့ချပေးသဖြင့် မျက်စိစူးခြင်းမှ ကာကွယ်ပေးခြင်း


Safety

  • ကားအတွင်းပိုင်းသို့ မြင်နိုင်စွမ်းကို ကန့်သတ်ထားသဖြင့် လုံခြုံစိတ်ချမှုရှိခြင်း

Crystal Clear Signal

  • ရေဒီယို၊ ဘလူးတု၊ မိုဘိုင်းဖုန်း စသည့် အီလက်ထရွန်နစ် ပစ္စည်းများ၏ လိုင်းဆွဲအားကို အနှောင့်အယှက်လုံး၀မဖြစ်စေခြင်း

သတင်းအချက်အလက်များအတွက် ကျွန်ုပ်တို့နှင့်ဆက်သွယ်ပါ

မေးခွန်းများ ရှိပါသလား? ကျွန်ုပ်တို့ သင့်ထံမှ ကြားချင်ပါတယ်