ကျွန်ုပ်တို့၏ ULTIMATE PLUS PPF သည် အရောင်မှိန်လာခြင်း၊ အဖတ်လန်ခြင်း၊ အက်ကွဲခြင်း၊ အပေါ်ယံ laminate အလွှာကွာခြင်းတို့အတွက် 10 နှစ် အထိ Official Warranty ရရှိနိုင်ပါသည်။ 

ကားရေဆေးရန် ကျေးဇူးပြု၍ အနည်းဆုံး ၄၈ နာရီအနည်းဆုံးစောင့်ရပါမည်။

XPEL ULTIMATE PPF သည် အစင်းရာ၊ အခြစ်ရာ 13 microns အနက်အထိကို ခံနိုင်ရည်ရှိပါသည်။

XPEL ULTIMATE PPF ကိုသက်တမ်းကုန်ဆုံး၍ဖလင်သားကိုခွာပါက ကား၏မူလဆေးသားကို မထိခိုက်စေနိုင်ပါ။

ကားကို original ဆေးမဟုတ်ဘဲ ပြန်လည်ဆေးမှုတ်ထားသည့်ကားပေါ်တွင် XPEL PPF ကိုတပ်ဆင်၍ ရပါသည်။

XPEL PPF ကို ကားအတွင်းပိုင်းကို ပြောင်လက်တောက်ပစေဖို့ အသုံးပြုလို့ရပါသည်။ လျပ်စစ်ပစ္စည်းများနှင့် ခလုပ်များအနားတွင် အသုံးပြုသည့်အခါ သတိထားသင့်ပါသည်။

သေချာဂရုစိုက်ကြည့်ရှုမှသာ ဖလင်သားကို တွေ့ရှိနိုင်သည်။ ကားကို ရေမဆေးရသည့်အခါမျိုးတွင် မြင်တွေ့နိုင်ပြီး ကားရေဆေးပြီးသည့်အခါတွင်တော့ မသိသာနိုင်ပါ။

(XPEL PRIME XR PLUS, XR, and HP) ပစ္စည်းအမျိုးအစားအပေါ်မူတည်၍ ကားမှန်စတေကာ ကွာခြင်း၊ ကွဲအက်ခြင်း၊ ပူစီဖောင်းထခြင်း၊ အရောင်ပြောင်းလဲသွားခြင်း နှင့် laminate အလွှာကွာခြင်းတို့အတွက် 5 နှစ် မှ 10 နှစ် အထိ Official Warranty ရရှိနိုင်ပါသည်။

ထိန်းသိမ်းရလွယ်ခြင်း (မကြာခဏ Polish တိုက်ရန်၊ Wax တင်ရန်၊ Coating ပြုလုပ်ရန် မလိုအပ်တော့ခြင်း) ၊ ရေမတင်နိုင်စွမ်းရှိခြင်းကြောင့် အညစ်အကြေးများကို လွယ်ကူလျှင်မြန်စွာ ဆေးကြောသန့်ရှင်းနိုင်ခြင်း ခဲစင်ခြင်း၊ ငှက်ချေး၊ သစ်စေး၊ ကတ္တရာစေး စသည့် အစွန်းအထင်များကို ကာကွယ်နိုင်ခြင်း၊ ကား၏ Original ဆေးသားကို ပိုမိုပြောင်လက်တောက်ပစေခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိနိုင်သည်။

XPEL FUSION PLUS Ceramic Coating သည် အစင်းရာ၊ အခြစ်ရာ 9H အနက်အထိကို ခံနိုင်ရည်ရှိပါသည်။

XPEL FUSION PLUS Ceramic Coating ကို မိမိ၏ကားအား ကား၏ Original ဆေးသားကို ပိုမိုပြောင်လက်တောက်ပစေလိုခြင်း၊ ထိန်းသိမ်းရလွယ်စေလိုခြင်း  ၊ ရေမတင်နိုင်စွမ်းရှိခြင်းကြောင့် အညစ်အကြေးများကို လွယ်ကူလျှင်မြန်စွာ ဆေးကြောသန့်ရှင်းနိုင်စေခြင်း၊ အစွန်းအထင်များကို ကာကွယ်နိုင်စေလိုခြင်း စသည့်အခြေခံကာကွယ်မှု ပြုလုပ်ချင်သူများအနေဖြင့် ရွေးချယ်သင့်သည်။ 


XPEL ULTIMATE PLUS PPF ကို မိမိ၏ကားအား Self-Healing အစွမ်းသတ္တိရှိခြင်း၊ ကျောက်ခဲစင်ခြင်း၊ ငှက်ချေး၊ သစ်စေး၊ ကတ္တရာစေး စသည့် အစွန်းအထင်များကို ကာကွယ်လိုခြင်း၊ Original ဆေးသား ပိုမိုပြောင်လက်တောက်ပစေခြင်းနေရောင်ခြည်ကြောင့် ဖလင်သားအဝါရောင်ပြောင်းလဲမသွားစေလိုခြင်း၊ ကား၏ စသည့် အလုံးစုံကာကွယ်မှုပြုလုပ်လိုသူများ အနေဖြင့် ရွေးချယ်သင့်သည်။

9H မာကြောမှု ဆိုသည်မှာ ခဲတံဖြင့်မာကြောမှုကို စမ်းသပ်ထားသည့် အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်သည်။ အစင်းရာ၊အခြစ်ရာကို မည်မျှခံနိုင်ရည်ရှိသည်ကို ဆန်းစစ်ရန် Coating ပြုလုပ်ထားသည့် မျက်နှာပြင်ပေါ်တွင် ခဲတံများကို အသုံးပြု၍စမ်းသပ်ထားခြင်းဖြစ်သည်။