XPEL PRIME XR

အမေရိကန်နိုင်ငံထုတ် XPEL PRIME XR Automotive Window Film စီးရီး သည် ရွေးချယ်စရာ အမျိုးအစား (၃) မျိုးတွင် ဒုတိယ စွမ်းဆောင်ရည်အမြင့်မားဆုံးဖြစ်သည်။ “လူကြီးမင်း၏ချစ်ခင်ရသော မိသားစု၀င်များ၏ကျန်းမာရေးနှင့်တန်ဖိုးကြီးကားများအတွက် အမြင့်မားဆုံး ကာကွယ်မှုကိုပေးစွမ်းနိုင်သည့် XPEL PRIME XR စီးရီးကို ပြိုင်ဘက်ကင်းရွေးချယ်လိုက်ပါ”

ကားမှန်စတေကာ ကွာခြင်း၊ ကွဲအက်ခြင်း၊ ပူစီဖောင်းထခြင်း၊ အရောင်ပြောင်းလဲသွားခြင်း နှင့် laminate အလွှာကွာခြင်းတို့အတွက် 10 နှစ် အထိ Official Warranty ရရှိနိုင်ပါသည်။ ကြိုက်နှစ်သက်ရာ ကားမှန်တစ်ချပ်ခြင်းစီလည်း ရွေးချယ်ကပ်နိုင်ပါသည်။ လိုက်ဖက်မှုရှိသောကား အမျိုးအစားများမှာ Kia, Peugeot, Nissan, Mazda, Toyota, Mitsubishi တို့ဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ် ရှိသော XPEL Certified Installer များမှ အဆင့်ဆင့် သန့်ရှင်းရေးပြုလုပ်၍ လက်ရာသေသပ်လှပစွာ တပ်ဆင်ပေးပါသည်။

အဓိကအားသာချက်များ

UV Protection

  • Skin Cancer Foundation မှ အရေပြားကင်ဆာဖြစ်စေနိုင်သော UV Ray များကို 99% ကာကွယ်ပေးနိုင်သည်ဟု တရား၀င်ထောက်ခံချက်ပေးထားခြင်း 
  • SPF 1,000 အထိ ကာကွယ်ပေးသဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု နှင့် အ‌‌ရေပြားပျက်စီးမှုများအား တားဆီးပေးနိုင်ခြင်း

IR Rejection

  • Ceramic Particle Technology ဖြင့် ပြုလုပ်ထားသဖြင့် Infrared Rays များကို 98% အထိကာကွယ်ပေးနိုင်ပြီး ကားအတွင်းခန်းကို အေးမြစေခြင်း

Highest Clarity

- စူးရှသော အလင်းများကို တားဆီးပေးသဖြင့် သက်တောင့်သက်တာရှိစေခြင်း - ညအချိန်တွင်လည်း မြင်ကွင်း ကြည်လင်ပြတ်သားမှုရှိပြီး ရှေ့ကားမီးထိုးခြင်းမှ အလင်းရောင်ကို လျော့ချပေးသဖြင့် မျက်စိစူးခြင်းမှ ကာကွယ်ပေးခြင်း

Safety

  • ကားအတွင်းပိုင်းသို့ မြင်နိုင်စွမ်းကို ကန့်သတ်ထားသဖြင့် လုံခြုံစိတ်ချမှုရှိခြင်း

Crystal Clear Signal

  • ရေဒီယို၊ ဘလူးတု၊ မိုဘိုင်းဖုန်း စသည့် အီလက်ထရွန်နစ် ပစ္စည်းများ၏ လိုင်းဆွဲအားကို အနှောင့်အယှက်လုံး၀မဖြစ်စေခြင်း

သတင်းအချက်အလက်များအတွက် ကျွန်ုပ်တို့နှင့်ဆက်သွယ်ပါ

မေးခွန်းများ ရှိပါသလား? ကျွန်ုပ်တို့ သင့်ထံမှ ကြားချင်ပါတယ်